IMDb 5.5 ရထာပြီး PG 13 ရထားတဲ့အက်ရှင်ဇာတ်ကြမ်းကားကြီးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကအရင် ပထမ ၂ကားကိုကြည့်ဖူးမှပဲဆက်စပ်မိမှာဖြစ်တဲ့အတွက် ပထမ ၂ကားဖြစ်တဲ့ XXX (2002) နဲ့ (2005) ၂ကားကိုပါပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ ကမ္ဘာကြီးက အရမ်းပြောင်းလဲနေတဲ့အချိန်အန္တရာယ်တွေ၊ သေစေနိုင်လောက်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ် နေချိန် အမျိုးမျိုးသောလူစွမ်းကောင်းတွေကို ကမ္ဘာကြီးက လိုအပ်နေချိန်ဖြစ်ပါတယ်ဇတ်လမ်းအစမှာ Xandar Cage က Anarchy 99 ရဲ့ချိန်းခြောက်မှုကိုကယ်တင်ပြီးနောက် ၁၅ နှစ်ကြာသောအခါ Xander Cage ကAugustus Gibbons နဲ့ NSA`s xXx ပရိုဂရမ်ကနေဝေးဝေးနေချင်တဲ့အတွက်သူ့ကိုသူ သေဆံုးသွားပြီလို့ သတင်းလွင့်ပြီး ရှောင်ပြေးနေခဲ့ပါတယ်။သို့ပေမယ့် Xiang (Donnie Yen) ဦးဆောင်တဲ့ အဆင့်မြင့်စွာ ဖွဲ့စည်းထားတဲ့လူဆိုးအဖွဲ့အစည်းတစ်ခုဟာ ဂြိုလ်တုတွေ အားလုံးကို ထိန်းချုပ်နိုင်တဲ့ပန်ဒိုရာသေတ္တာကို ခိုးယူ သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ တာဝန်ထမ်းဆောင်ဖို့Cage ဟာ ပြန်လာခဲ့ပြီး xXx အဖွဲ့အသစ်တစ်ခုကို စနိုက်ပါမန်း၊ စတန့်သမား၊ ကွန်ပျူတာကျွမ်းကျင်သူနဲ့ DJ သမားတစ်ယောက်ပါဝင်တဲ့အဖွဲ့တစ်ခုကိုဖွဲ့ လိုက်ပါတယ်။ အဲ့သည်လိုနက် X ဦးဆောင်တဲ့ အဖွဲ့ကပဲ ပန်ဒိုရာသေတ္တာကိုပြန်လည်ယူဆောင်နိုင်မလား ဘယ်လိုတွေများဆက်လက်ဖြစ်ပျက်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူကြရမှာပဲဖြစ်ပါတယ် ဗျ 😛





The Final Chapter အစမှာတော့ အဲလစ်ကို RedQueen ကနေ သတင်းတစ်ခုပေးလာပါပြီ။ အဲဒီသတင်းကတော့ အမ်ဘရဲလားကော်ပိုရေးရှင်းမှာ တီဗိုင်းရပ်စ်ကို သတ်နိုင်မယ့် ဖြေဆေးကို ဖော်နိုင်သွားပြီဆိုတာပါပဲ။ အဲဒီအချိန်မှာ အမ်ဘရဲလားက ဒေါက်တာအိုင်းဆက်နဲ့ ဖုတ်ကောင်စစ်တပ်ကြီးကလည်း လိုက်လာပြီး ၂ ရက်အတွင်းမှာ လူသားတွေရဲ့ နောက်ဆုံးခံတပ်ကျဆုံးတော့ပါမယ်။ အဲလစ်ဟာ တီဗိုင်းရပ်စ်ကူးစက်ခံထားရပြီးသားမို့ အဲဒီဖြေဆေးကို ဟိုက်ဗ် ကနေ သွားယူပြီး ဖြန့်နိုင်မယ်ဆိုရင်တောင် သူကတော့ အခြာuးndead တွေနဲ့အတူ သေဆုံးသွားရတော့မှာပါ။ RedQueen ကရော အမ်ဘရဲလားကို ဘာလို့သစ္စာဖောက်သလဲ။ အဲလစ်ရဲ့နောက်ကြောင်းကိုရော သိလာမလား၊ သူ ဖြေဆေးကို ရမှာလား၊ အဲလစ်ရဲ့စွန့်စားခန်းတွေ ဆုံးခန်းတိုင်ပြီလား ဆိုတာ စောင့်ကြည့်ရုံပါပဲ။




                                                             Part-1
 Part 1
Part-2





အရင်လပိုင်းကမှ ထပ်ရှိခဲ့တဲ့ နောက်ဆုံးကားလို့တောင်ထင်မိတဲ့Underworld: BloodWar ဆိုတဲ့ကားလေးပါ ဒီကားလေးမှာတော့ဆယ်လီဟာ သူ့ကို သစ္စာဖောက်ခဲ့တဲ့ သူတွေကိုပြန်လည်လက်စားချေဖို့ကြိုးစားနေရင်းအရှေ့ပိုင်းအဖွဲ့ရဲ့ ခေါင်းဆောင် ဆမ်မီယာ ရဲ့ ဖိတ်ကြားမှုကြောင့်သေမင်းတမန်တပ်သားများကို လေ့ကျင့်ပေးဖို့ အကြောင်းဖန်လာရင်းဆမ်မီယာ ရဲ့ အကောက်ကြံသတ်ဖြတ်မှုကိုခံလိုက်ရပါတယ်ဆမ်မီယာ ကလဲ အာဏာ ပါဝါတွေ ရဖို့အတွက် မိမိ ဗန်ပိုင်းယား မျိုးနွယ်ကိုစတေးပြီး လိုင်ကန် ခေါင်းဆောင်သစ် မာရီယပ် နဲ့ ဗန်ပိုင်းယား ကောင်စီကိုရန်တိုက်ပေးပါတော့တယ် ဒီလိုနဲ့ နောက်ဆုံးမှာ မာရီယပ်က ဘာကြောင့်များ အစွမ်းထက်နေတာလဲမိုက်ကယ်ကိုကော ဘယ်သူကသတ်ဖြတ်ခဲ့တာလဲဆိုတာကို ဆက်လက် ကြည့်ရှူအားပေးကြပါအုံးဗျ 😛





‌Avalon အာကာသယာဉ်ကြီးဟာ ခရီးသည် ၅ထောင်ကျော်နဲ့ အတူ ယာဉ်ဝန်ထမ်း ၂၅၈ ယောက်ကို သယ်ဆောင်ပီး ဂြိုလ်အသစ် Homestead II ဆီသို့ပျံသန်းလာခဲ့ပါတယ်။ ကမ္ဘာမြေကနေ Homestead II ဆီသို့ ပျံသန်းချိန်ဟာ နှစ်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သူအားလုံးဟာ Hibernation Pod လို့ခေါ်တဲ့ အသက်အရွယ် အိုမင်းခြင်းမရှိဘဲ အိပ်စက်နေရတဲ့ ဖန်ပေါင်းချောင် တွေထဲမှာအိပ်စက်ရင်းလိုက်ပါနေကြတာဖြစ်ပါတယ် ( Hibernation Pod တွေကို Avator ဇာတ်ကားထဲမှာလည်းတွေ့ဖူးကြမှာပါ) ဒီလိုလိုက်ပါလာရင်း နှစ်ပေါင်း ၃၀ အကြာမှာတော့ Jim Preston ဆိုတဲ့ mechanical engineer တစ်ယောက် ဟာ Hibernation Pod ထဲကနေ စက်ချို့ယွင်းပီး နိုးလာပါတယ်။ ယာဉ်တစ်ခုလုံးမှာ သူတယောက်ထဲသာ နိုးလာခြင်းဖြစ်ပီး Homestead II သို့ရောက်ရှိဖို့ နှစ်ပေါင်း ၉၀ကျန်နေပါသေးတယ်။ Hibernation Pod ကိုပြင်ပီး ပြန်အိပ်စက်ဖို့ သူကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ယာဉ်ဝန်ထမ်းတွေကို နှိုးပီးအကူအညီ ယူဖို့ကလည်း သူတို့တွေ အိပ်စက်နေတဲ့ အခန်းတွေကို သာမန်ခရီးသည်တဦးက ဝင်ရောက်ခွင့်မရှိတဲအတွက် Jim အခက်တွေ့ရပြန်ပါတယ်။ယာဉ်တခုလုံး အဖော်ပြုစရာဆိုလို့ Arthur ဆိုတဲ့ ဘားကောင်တာကစက်ရုပ်တစ်ရုပ်ဘဲရှိပါတယ်။
ဒီလိုနဲ့ Jim တစ်ယောက် ယာဉ်ပေါ်မှာရှိတဲ့ ကစားစရာတွေကစားရင်း စားစရာတွေစားရင်း နေလာလိုက်တာ တစ်နှစ်ရှိသွားခဲ့ပါတယ်။ အထီးကျန်မှုကို မခံစားနိုင်လို့ သူ့ကိုယ်သူ သတ်သေဖို့လည်းတွေးမိခဲ့ပါသေးတယ်။ တစ်ရက်မှာတော့ အမှတ်မထင်ဘဲ Aurora ဆိုတဲ့လှပချောမောတဲ့မိန်းကလေးတစ်ယောက်ရဲ့ Hibernation Pod ကို Jim တွေ့သွားပါတယ်။ သူမရဲ့ Video file ကို ပြန်ကြည့်မိတဲ့အခါမှာတော့ သူမဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပီး ဂြိုလ်အသစ်နဲ့ စတင်မယ့် လူတွေအကြောင်း စာအုပ်ရေးသားဖို့ လိုက်ပါလာတဲ့သူ ဖြစ်နေပါတယ်။ အထီးကျန်နေတဲ့ Jim အတွက် သူစွဲလန်းသွားတဲ့ မိန်းကလေး Aurora ကို နှိုးလိုက်ရင် ကောင်းမလား မကောင်းဘူးလားဝေခွဲမရဖြစ်နေရာကနေ နောက်ဆုံးမှာတော့ Aurora ကို နှိုးလိုက်ပါတယ်။ Aurora ကိုတော့ သူမရဲ့ စက်ဟာ သူ့စက်လို ချို့ယွင်းပီး နိုးလာတာလို့ဘဲ အသိပေးခဲ့တာပါ။တကယ်တော့ သူတို့နှစ်ယောက်ဟာ Hibernation Sleep ကိုပြန်မသွားနိုင်ရင် ကျန်ရှိတဲ့ နှစ်ပေါင်း ၈၉နှစ်ကို ဒီယာဉ်ကြီးပေါ်မှာသာ
ကုန်ဆုံးရတော့မှာပါ။ Aurora တစ်ယောက် သူ့ကို Jim က ရည်ရွယ်ချက်ရှိရှိနဲ့ နှိုးခဲ့တာ သိသွားခဲ့ရင် Jim ကို ခွင့်လွှတ်နိုင်ပါ့မလား….သူတို့တွေ Hiberbnation Sleep ကိုပြန်သွားနိုင်မှာလား ဒါမှမဟုတ် ကျန်ရှိတဲ့ နှစ်တွေကို ယာဉ်ပေါ်မှာ ဘယ်လိုကုန်ဆုံးကြမလဲ…..Jim အဖြစ် မင်းသား Chris Pratt ကသရုပ်ဆောင်ထားပီး Aurora အဖြစ် Jennifer Lawrence က သရုပ်ဆောင်ထားပါတယ်။ လာမယ့် Oscar အတွက် ဆုနှစ်ဆု ရာထားခြင်းခံရပါတယ်။ ဒါရိုက်တာကတော့ 2014 တုန်းက The Imitation Game နဲ့ Oscar ဆုရာထားခံခဲ့ရတဲ့ Morten Tyldum ဖြစ်ပါတယ်။ Passenger ဟာ Sci-Fi ဇာတ်ကားဆိုပေမဲ့ လူသား နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာပေါ် အခြေ ခံထားပါတယ်။ ဇာတ်ကားကို ကြည့်ရင်းနဲ့ Avalon ယာဉ်ပျံကြီးကို စိတ်မဝင်စားတော့ဘဲ Jim နဲ့ Aurora ရဲ့ အချစ်ဇာတ်လမ်းကို ပိုအာရုံရောက်လာစေပါတယ်။ Titanic နဲ့ Wall-E ပေါင်းထားတဲ့ ပုံစံမျိုးကို ခံစားမိမှာပါ။Jim ဘက်ကကြည့်ရင် Aurora ကို နှိုးလိုက်ခြင်းဟာ သူအသက်ဆက်ရှင်သန်ဖို့ မျှော်လင့်ချက်ဖြစ်ပီး Aurora ဘက်ကကြည့်ရင်တော့ သူမကိုနှိုးလိုက်ခြင်းဟာ သူမဘဝကို အဆုံးသတ်လိုက်ခြင်းဖြစ်နေပါတယ်။ သူတို့ နှစ်ယောက် တွေ့ဆုံမှုဟာ ကံကြမ္မာကြောင့်ဖြစ်လာခဲ့တယ်လို့ပြောရင် သင်ယုံမလား…အကယ်၍ Jim သာ Hibernation Sleep ကနေ စက်ချို့ယွင်းပီး မနှိုးထခဲ့ရင်………Imdb Rating- 7/10#ThuYein(ရုပ်ရှင်အညွှန်းကို Movie Gods FB Page မှကူးယူဖော်ပြပါသည်။)
File size…(999MB)





လာဂိုဝင့်ခ်ျ … ကမ္ဘာ့ ပါဝါအကြီးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ W လုပ်ငန်းစုကြီးရဲ့ အမွေဆက်ခံသူ …. သူအမွေဆက်ခံပြီးနောက် W လုပ်ငန်းစုကြီးကို ရောင်းချပြီး လူသားချင်းညှာတာထောက်ထားမှုဆိုင်ရာဖောင်ဒေးရှင်းတည်ထောင်မယ်လို့ဆုံးဖြတ်ခဲ့သူ … ဒါပေမယ့် W လုပ်ငန်းစုကြီးဟာ မြန်မာနိုင်ငံအတွင်းက ကယန်းလူမျိုးစုတွေကို ရက်ရက်စက်စက်သတ်ဖြတ်တဲ့လူသတ်ပွဲနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ သံသယရှိပြီး စုံစမ်းစစ်ဆေးခံရတဲ့အခါ … လာဂိုဝင့်ခ်ျဟာ W လုပ်ငန်းစုကြီးရဲ့နာမည်ကို ဘယ်လိုပြန်ပြီးအဖက်ဆယ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ … 2011 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb rating – 6.2 ရရှိထားတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဂျာမန်မင်းသား Tomer Sisley နဲ့ နာမည်ကြီးမင်းသမီး Sharon Stone တို့ပါဝင်ပါတယ်။ ဒီကားဟာ လာဂိုဝင့်ခ်ျ ဇာတ်ကောင်အတွက်တော့ ဒုတိယမြောက်ကားပါ။ တစ်ဖက်မှာက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ညစ်ကွက် လှည့်ကွက်တွေ .. တစ်ဘက်မှာက ကယန်းလူမျိုးဒုက္ခသည်တွေနဲ့အကျင့်ပျက်အာဏာရှင်ဗိုလ်ချုပ်တစ်ဦးတို့ရဲ့ အခြေအနေတွေကို ယှဉ်ထိုးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုလက်လွတ်မခံဘဲ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ…


                                   Download or Watch Here






ကျွန်တော်တို့ အချစ်တော်လေး ဂူဂူး (မင်းသမီး Liu Yifei) နဲ့ ဘီးကျဲကြီး ဂျွန်စော (ကိုရီးယားမင်းသား Song Seung‑heon) တို့ လက်တွေ့ဘဝမှာ တကယ့်ချစ်သူတွေဖြစ်လာဖို့ အကြောင်းဖန်ခဲ့တာ ဒီဇာတ်ကားကြောင့်ပါ။ (ထို့ကြောင့် ဒီဇာတ်ကားကို ရင်နာနာဖြင့်ကြည့်ဖြစ်သည်…. ဤကား စကားချပ်)ဇာတ်လမ်းထဲမှာတော့ ဂျွန်စောက ပျိုတိုင်းကြိုက်တဲ့ လုပ်ငန်းရှင် သူဌေး… ဂူဂူးက လှပနုပျို အလုပ်ကြိုးစားတဲ့ ရှေ့နေတစ်ယောက်… သူတို့နှစ်ယောက်ဘဝက ကွာခြားလှပေမယ့်… မထင်မှတ်ဘဲ တွေ့ဆုံ ဆက်နွယ်မှုကနေ အချစ်တစ်ခုမွေးဖွားလာပုံကို ခြယ်မှုန်းထားပါတယ်။(တကယ်လဲ အပြင်မှာ သူတို့နှစ်ယောက် ချစ်ကြိုက်သွားလေသည်။) အဆိုပါ အချစ်တစ်ခုက သူတို့နှစ်ယောက်ရဲ့ ကျဉ်းထဲကျပ်ထဲ ဘဝထဲမှာ ပွင့်အံထွက်လာပြီး ဘယ်လိုတွေ အဆုံးသတ်မလဲဆိုတာ……..။

                                                                         Watch HERE
                                                 


Previous PostOlder Posts Home