Resident Evil: The Final Chapter 2017




The Final Chapter အစမှာတော့ အဲလစ်ကို RedQueen ကနေ သတင်းတစ်ခုပေးလာပါပြီ။ အဲဒီသတင်းကတော့ အမ်ဘရဲလားကော်ပိုရေးရှင်းမှာ တီဗိုင်းရပ်စ်ကို သတ်နိုင်မယ့် ဖြေဆေးကို ဖော်နိုင်သွားပြီဆိုတာပါပဲ။ အဲဒီအချိန်မှာ အမ်ဘရဲလားက ဒေါက်တာအိုင်းဆက်နဲ့ ဖုတ်ကောင်စစ်တပ်ကြီးကလည်း လိုက်လာပြီး ၂ ရက်အတွင်းမှာ လူသားတွေရဲ့ နောက်ဆုံးခံတပ်ကျဆုံးတော့ပါမယ်။ အဲလစ်ဟာ တီဗိုင်းရပ်စ်ကူးစက်ခံထားရပြီးသားမို့ အဲဒီဖြေဆေးကို ဟိုက်ဗ် ကနေ သွားယူပြီး ဖြန့်နိုင်မယ်ဆိုရင်တောင် သူကတော့ အခြာuးndead တွေနဲ့အတူ သေဆုံးသွားရတော့မှာပါ။ RedQueen ကရော အမ်ဘရဲလားကို ဘာလို့သစ္စာဖောက်သလဲ။ အဲလစ်ရဲ့နောက်ကြောင်းကိုရော သိလာမလား၊ သူ ဖြေဆေးကို ရမှာလား၊ အဲလစ်ရဲ့စွန့်စားခန်းတွေ ဆုံးခန်းတိုင်ပြီလား ဆိုတာ စောင့်ကြည့်ရုံပါပဲ။


Next PostNewer Post Previous PostOlder Post Home

0 comments:

Post a Comment