Trolls (2016)


ပျော်ရွှင်မှုဆိုတာ ဘာလဲ???????
အတုယောင်တွေပေါများတဲ့ ယခုခေတ်မှာတော့ စစ်မှန်တဲ့ပျော်ရွှင်မှုက ရှားပါလာပြီ ဟန်ဆောင်အပြုံးတွေ ဟန်ဆောင်နှစ်သိမ့်မှုတွေထဲက ပျော်ရွှင်မှုပျောက်ဆုံးနေတဲ့ လူသားတွေအတွက်တော့ နည်းပညာပစ္စည်းတွေသုံးပြီး ပျော်ရွှင်မှုတွေကို ရှာဖွေနေရပါတယ်။ ဒါပေမဲ့ နှလုံးသားဆိုတဲ့ စစ်မှန်တဲ့ဖန်တီးမှုမပါတဲ့ နည်းပညာပစ္စည်းတွေက ပြီးပြည့်စုံတဲ့ပျော်ရွှင်မှုကိုမပေးနိုင်ပါဘူး။ ကျွန်တော်တို့ ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေရမလဲ????မနေ့က မမျှော်လင့်ပဲ ကြည့်မိတဲ့ Trolls ဆိုတဲ့ ဇာတ်ကားလေးအကြောင်းပြောချင်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ရောင်စုံဆံပင်ရှည်လေးတွေရှိတဲ့ Trolls တွေရဲ့ အလုပ်ကတော့ သီချင်းဆိုမယ် ကမယ် တစ်ယောက်ကိုတစ်ယောက် နွေးထွေးစွာပွေ့ဖက်မယ် ဒါသူတို့ရဲချစ်စရာကောင်းတဲ့အလုပ်ပဲ။ ဒီလိုချစ်စရာကောင်းတဲ့ Trolls တွေမှာ ရန်သူတွေရှိတယ် သူတို့က Bergens တွေပဲ သူတို့ရဲ့ပျော်ရွှင်မှုကတော့ Trolls တွေကို စားခြင်းပဲ။ Bergens တွေရဲ့ ရန်ကလွတ်မြောက်ပြီး နှစ်၂၀ ကြာတဲ့အချိန် ကြီးကျယ်တဲ့ပါတီပွဲလုပ်တဲ့ချိန်မှာ Bergans တွေရဲ့ ဖမ်းဆီးချင်းကို ခံရတဲ့ Trolls တွေကို ပြန်လည်ကယ်တင်မယ့်သူက Trolls တွေရဲ့ခေါင်းဆောင်မင်းသမီးလေး Poppy ၊မင်းသမီးလေးကို ကူညီပေးမယ့်သူကတော့ Trolls တွေရဲ့ လူ့ထူဆန်းအဖြစ်သတ်မှတ်ခံရပြီး Trolls တစ်ယောက်ဖြစ်ပြီး သီချင်းမဆိုတဲ့ Branch သူတို့နှစ်ယောက်ပေါင်းပြီး Trolls တွေကို ကယ်တင်နိုင်မလား ပျော်ရွှင်မှုကို ရှာဖို့ဘယ်လိုသင်ပြမလည်းဆိုတာကတော့……….
                      
                              watch HERE


Next PostNewer Post Previous PostOlder Post Home

0 comments:

Post a Comment